Pages - Menu
▼
▼
Pages - Menu
▼
Thursday, November 28, 2013
IDM ဖြင့် ဒေါင်းလုပ်လုပ်တဲ့ အခါ Error တက်ပြီး ဒေါင်းလုပ် မရခြင်း ကို ဖြေရှင်းနည်း
တချို့သော Website များမှ Data ဖိုင်များကိုဒေါင်းလုပ် လုပ်တဲ့အခါ Error Message
တက်လာပြီး ဒေါင်းလုပ်လုပ်လို့မရတာ မကြာခဏဖြစ်တတ်ပါတယ်။
အဲဒါကိုဒေါင်းလုပ်လုပ်လို့ရအောင်ဘယ်လိုလုပ်မလဲဆိုတာ..မသိသေးတဲ့သူတွေအတွက်
အဆင်ပြေအောင် ရေးပြလိုက်တာပါ။
အပေါ်ပုံမှာပြထားတဲ့အတိုင်း ဒေါင်းလုပ်ယူတဲ့အခါ Message တက်လာရင် Browser
ကိုပြန်ပိတ်လိုက်ပါ။IDM ကိုလဲပိတ်လိုက်ပါ။
ပြီးမှ IDM ကိုပြန်ဖွင့်ပြီး အောက်မှာပြထားတဲ့အတိုင်းတဆင်းချင်းဝင်ပြီး ပြင်သွားပါ။
IDM ကိုဖွင့်လိုက်ပြီး Options ကိုကလစ်ပါ။
၁။General မှာ capture downloads the following browsers မှာ Browsers အားလုံးကို
အမှန်ခြစ်ပေးပါ။
၂။အောက်နားမှာရှိတဲ့ Key ကိုနဲနဲကြကြာလေးကလစ်ထားပြီးလွှတ်လိုက်ပါ။ဘောက်တခုတက်
လာပါမယ်။
၃။တက်လာတဲ့ဘောက်မှာ Use the following key[s] to force downloading with
IDM for any links မှာ အမှန်ခြစ်ပေးပါ။
အဲဒီအောက်က Ctrl ကိုလဲအမှန်ခြစ်ပေးပါ။
၎။စောစောကဒေါင်းလုပ်လုပ်မရတဲ့ဖိုင်ကိုပြန်ရှာပြီးဒေါင်းလုပ်ကြည့်ပါ။အိုကေပါပြီ။
မရှင်းလင်းသေးရင်အောက်မှာပုံလေးတွေဖေါ်ပြပေးလိုက်ပါတယ်။ကြည့်ပြီးလုပ်ဆောင်ပါ။






No comments:
Post a Comment
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လိုအပ်တာများရှိပါက cbox မှာ ပြောကြားနိုင်ပါတယ်။
ကျွန်တော့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး ကူညီမျှဝေသွားပါမယ်။