Thursday, January 23, 2014

Blue Screen တက်ခြင်း (BSOD) ကို ဖြေရှင်းပေးနိုင်တဲ့ ဆော့ဝဲ (၃) ခု



ကွန်ပြူတာမှာ System ပိုင်းဆိုင်ရာ HKEY များ မှားယွင်းမှုကြောင့်ဖြစ်စေ၊Viruses ဝင်လို့ဖြစ်စေ၊
ကွန်ပြူတာကို Harm ဖြစ်စေသာ ဆော့ဝဲ တခုခုကြောင့် ဖြစ်စေ စက်ကိုပိတ်လိုက်တဲ့တာနဲ့ Blue
ှScreen တက်လာတတ်ပါတယ်။ဒီလို Blue Screen တက်တာနဲ့ တချို့က ကွန်ပြူတာလုံးဝပျက်ပြီ၊
သုံးမရတော့ဘူးလို့ ထင်တတ်ကြပါတယ်။Blue Screen (Blue Screen Of Death) တက်ခြင်းဟာ
ကွန်ပြူတာပျက်သွားခြင်းမဟုတ်ပါ။System ပိုင်းဆိုင်ရာအချို့ ချို့ယွင်းသွားခြင်းသာ ဖြစ်ပါတယ်။

အဲလို BSOD ဖြစ်လာရင် ဖြေရှင်းတဲ့ နည်းလမ်းတွေရှိပါတယ်။အဲဒီနည်းတွေထဲက
နားလည်လွယ်အောင် နည်းလမ်း(၃)ခု ကိုပြောပြပါ့မယ်။

() System HKEY များကို ကိုယ်တိုင် Type လုပ်၍ ပြုပြင်ခြင်း (ပညာရှင်အဆင့်)
()ဆော့ဝဲ တခုခုကို အသုံးပြု၍ ဖြေရှင်းခြင်း(ဝါသနာရှင်အဆင့်)
()Windows အသစ်ပြန်တင်လိုက်ခြင်း (သာမာန်အဆင့်)
နံပါတ်(၁) ကတော့ ခက်ခဲပြီးအဆင်မပြေရင် System ပိုင်းမှာပိုဆိုသွားနိုင်လို့ မရေးပြတော့ပါ။
အဲဒီနည်း(၃)ခုထဲက ဆော့ဝဲ တခုခုကို အသုံးပြု၍ ဖြေရှင်းခြင်း မှာ လွယ်ကူတဲ့အပြင် တကယ်လဲ
BSOD ကိုဖြေရှင်းပေးနိုင်တာမို့ အသုံးပြုနိုင်တဲ့ဆော့ဝဲ (၃)ခုကိုတင်ပေးလိုက်ပါတယ်။BSOD တက်
တာနဲ့ စက်ကို ပါဝါဖြင့်ချက်ချင်းပိတ်လိုက်ပါ။ပြီးရင် စက်ကိုပြန်ဖွင့်ပြီး Normal Mode ဖြင့်ဝင်းဒိုး
ပြန်တက်အောင်လုပ်ပါ။
ပြီးရင်အောက်မှာ တင်ပေးထားတဲ့ဆော့ဝဲတခုခုကို အင်စတောလုပ်ပြီး Scan and Fix Errors
လုပ်ပါ။
ပြီးရင် စက်ကို Shut Down ဖြင့်ပိတ်လိုက်ပါ။ပုံမှန်အတိုင်း BSOD မတက်ဘဲ ပိတ်သွားပါမယ်။

*AntiCrash 3.6.1+Serial (1.71 Mb)         Download
*Eusing Free Registry Cleaner (958 Kb)   Download
*Windows Registry Repair (784 Kb)        Download

အဆင်ပြေကြပါစေခင်ဗျာ။
                      ကျွန်တော့ရဲ့  Facebook ပါ။

0 comments:

Post a Comment

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လိုအပ်တာများရှိပါက cbox မှာ ပြောကြားနိုင်ပါတယ်။
ကျွန်တော့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး ကူညီမျှဝေသွားပါမယ်။

Powered by Blogger.