Pages - Menu

Pages - Menu

Monday, April 21, 2014

ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့် ရုပ်တုများ



ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့် ရုပ်တုများ (Tallest Statues in the World) အကြောင်းကို ဗဟုသုတ ရရှိအောင် ဖော်ပြ ပေးလိုက်ပါတယ်။

(၁) Spring Temple Buddha

ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် ရုပ်တုကတော့ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပါတယ်။ မှတ်တမ်းအရ အမြင့် ၁၂၈ မီတာ(ပေ ၄၂ဝ) ရှိသော်လည်း ကြာဖူး၊ ပလ္လင်အမြင့်နဲ့ အောက်ခံပါဆို စုစုပေါင်း ၂ဝ၈မီတာ (၆၈၂ ပေ) ရှိပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။



(၂) Laykyun Sekkya (လေးကျွန်းစကြာ၊ မုံရွာ)

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှာ ကိုးကွယ်တော်မူ ထားတဲ့ လေးကျွန်းစကြာ ရုပ်ပွားတော်မြတ်ကြီးဟာ

၁၉၉၆ ခုနှစ်မှာ စတင်တည်ထားပြီး ၂ဝဝ၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ၁၁၆ မီတာ (၃၈၁ ပေ) အမြင့်ရှိတယ်လို့ တရားဝင် မှတ်တမ်းတင် ထားပါတယ်။

(၃) Ushiku Daibutsu

ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ရုပ်ပွားတော်ပါ။ မီတာ ၁ဝဝ (ပေ ၃၆ဝ) မြင့်ပြီး အောက်ခံခုံ အပါအဝင် မီတာ ၁၂ဝ (၃၉၄ ပေ) မြင့်ပါတယ်။

၁၉၉၅ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပြီး ဂျပန်နိုင်ငံ၏ အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

(၄) Nanshan Haishang Guanyin

မြန်မာတို့သိကြတဲ့ ကွမ်ရင်မယ်တော် ရုပ်တုပါ။ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပြီး ၁ဝ၈ မီတာ (၃၅၄ ပေ) မြင့်ကာ ၂ဝဝ၅ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပါတယ်။ ရေပြင်မှာ တည်ထားတာပါ။

Myawady News

No comments:

Post a Comment

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လိုအပ်တာများရှိပါက cbox မှာ ပြောကြားနိုင်ပါတယ်။
ကျွန်တော့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး ကူညီမျှဝေသွားပါမယ်။