Saturday, November 15, 2014

Samsung Galaxy Grand 2 SM-G7102 ( 4.4.2 ) ကို ROOT လုပ်ပြီး မြန်မာစာ အလွယ်ထည့်နည်း


Samsung Galaxy Grand 2 SM-G7102 ( 4.4.2 ) ကို ROOT လုပ်ပြီး
 မြန်မာစာအလွယ်ထည့်နည်း

မင်္ဂလာပါခင်ဗျား
အများဆုံးတောင်းဆိုထားကြတဲ့ Grand 2 ကို Root လုပ်ပြီး
 မြန်မာစာအလွယ်ထည့်နည်းလေးပါ။
မိမိဖုန်းကို Root လုပ်ပြီး အသုံးမပြုလုပ်လိုတဲ့ ဘော်ဒါတွေကတော့
Setting>>>Display>>>ထဲဝင်ပြီး အသုံးပြုလိုတဲ့
Font ကို အမှန်ခြစ်လေး ပေးလိုက်ရုံနဲ့ အဆင်ပြေပါတယ်။
ကီးဘုတ်အတွက်လည်း ဒီအတိုင်းပါပဲ
Setting>>>Language and input>>>Default Font>>>ထဲဝင်ပြီး
အသုံးပြုလိုတဲ့ ကီးဘုတ်ကို အမှန်ခြစ်လေးပေးရုံပါ။

Root ဖောက်ပြီး မြန်မာဖောင့်နဲ့ ကီးဘုတ်ကို အသုံးပြုလိုတဲ့
ဘော်ဒါတွေ အတွက်တော့ %100% အဆင်ပြေအောင်ကျနော်
အသေးစိတ်ရှင်းပြသွားမှာပါ။

Root မလုပ်မှီ လိုအပ်မယ့် ဖိုင်များကို အောက်ကလင့်တွေမှာ
အဆင်ပြေသလိုဒေါင်းယူလိုက်ပါ။

 Samsung USB Driver for windows အားဒေါင်းယူပါ


Download Here

OR

Download Here

CWM-Touch & Odin & SuperSu ဖိုင်တွေကို
 အောက်ကလင့်တွေမှာ ဒေါင်းယူလိုက်ပါ

 Download Here

OR

Download Here

Rootcheck.apk ကို အောက်ကလင့်မှာ ဒေါင်းပါ

Download Here 

OR

Download Here 

FrozenKeyboard 1.1.3.apk ကို အောက်ကလင့်မှာ ဒေါင်းယူပါ

Download Here

 OR

 Download Here

MM Aio Font Changer 1.0 apk ကို အောက်ကလင့်မှာ ဒေါင်းပါ

Download Here

OR

Download Here

၁။ Samsung USB Driver ကို ကွန်ပျူတာမှာ install လုပ်ပါ။

၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကို Extra Here နဲ့ ဖြေလိုက်ပါ။

၃။ Zip ဖိုင်ထဲတွင် UPDATE-SuperSU-v2.01 ဖိုင်လေးကို
 ဖုန်းရဲ့.. SD Card ထဲသို့ အရင်ကူးထည့်ပါ
ပြီးရင် ဖုန်းပါဝါပိတ်လိုက်ပါ။

၎။  Download Mode...ဝင်မှာဖြစ်တဲ့ အတွက်
Power Button ခလုပ်>>>Volume Down Button
(အသံတိုးတဲ့ခလုပ်)>>>Home Button>>>
ကို တစ်ပြိုင်တည်း တွဲနှိပ်လိုက်ပါ။
အောက်ကပုံလေးကိုကြည့်လိုက်ပါ
 ၅။ ဖုန်းဟာ Warning ဆိုပြီး အောက်ကပုံအတိုင်းဖြစ်နေပါလိမ့်မယ်။
  ၆။ Volume Up Button အသံချဲ့ ခလုပ် ကို တစ်ချက်နှိပ်လိုက်ပါ။
အထက်ပါပုံအတိုင်း Download Mode ၀င်ပြီးရင်တော့

၇။ ဖုန်းကို ကွန်ပျူတာနဲ့ USB ကြိုးနဲ့ ချိတ်ဆက်လိုက်ပါ၊
 ပြီးတော့ Odin3_v3.07 ဖိုင်ကို ဖွင့်လိုက်ပါ။
၈။ Odin ဖိုင်ပွင့်လာပြီးရင် PAD ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ
 စောနားက ကိုယ်သိမ်းဆဲထားတဲ့ Zip ဖိုင်ထဲက
CWM-Touch-6.0.5.0-NG4-ms013g ကို ရွေးပေးပါ။
အထူးသတိထားရန်
Auto Reboot & F. Reset Time နှစ်ခုကို အမှတ်ခြစ်ထားပေးပါ။
ပြီးတော့မှ Start ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
(မလုပ်တတ်သေးရင် အောက်ကပုံလေးအတိုင်း ကြည့်လုပ်လိုက်ပါ)
၉။ Start နှိပ်ပြီးလို့ အလုပ်လုပ်နေတုန်း ဖုန်းနဲ့ကွန်ပျူတာကို
ချိတ်ဆက်ထားတဲ့ USB ကြိုးကို လုံးဝမဖြုတ်မိပါစေ။

၁၀။ မိနစ်အနည်းလောက်ကြာပြီးလို့ Pass လို့ စာတန်းအစိမ်းရောင်လေးနဲ့
ပြပြီး Complete လို့ ပြပြီး ဖုန်းက သူ့အလိုလို Restart ကျသွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါမှာတော့ မိမိဖုန်း Grand 2 ဟာ Root Access ရရှိသွားပါ။
USB ကြိုးကိုဖြုတ်လိုက်ပါ။

၁၁။Root checker Apk ကို install လုပ်ပြီး Root Access ရှိ မရှိ Verified ကိုနှိပ်ပါ။
Congratulation လို ပေါ်နေရင် မိမိဖုန်း Root ဖောက်တာ အောင်မြင်သွားပါပြီ။

၁၂။ FrozenKeyboard နဲ့ MM Aio Font Changer ကို install လုပ်ပါ။
(install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)

၁၃။ Font Style ပါပြီးသား ဖုန်းတွေမှာ ဆို
Setting>>Display>>>Font Style>>>ကိုအသုံးပြုလိုသော
Font ကို အမှတ်ခြစ်လုပ်လိုက်ရင်ရပါပြီ။
(ဥပမာ-Zawyione apk လိုပေါ့) 
၁၃။ MM Aio Font Changerကို အသုံးပြုလိုက 
 ဆော့ဝဲကို တစ်ချက်ထောက်ဖွင့်ပါ 
Android Version 4.3 အထက်ဆိုတာကို install လုပ်ပါပြီ
Restart ကျပြီးလို့ ပြန်တက်လာရင် 
Samsung Galaxy Grand 2 SM-G7102 ( 4.4.2 ) 
ဖုန်းအားလုံးမှာ မြန်မာဖောင့်ရပါပြီ။

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)မှ.
                                                                                            www.zunite.org

0 comments:

Post a Comment

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လိုအပ်တာများရှိပါက cbox မှာ ပြောကြားနိုင်ပါတယ်။
ကျွန်တော့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး ကူညီမျှဝေသွားပါမယ်။

Powered by Blogger.