ကျနော် MemoryStick တွေမှာကြုံတက်တဲ့ပြသာနာလေးတွေပါဖြေရှင်းတဲ့နည်းလေးပြောပြမှာပါ…
သိပြီးသားဆိုတဲ့ အကို အမ ညီညီမဆိုလည်းသည်းခံပြီးဆက်ဖတ်ပေးပါနော်…တကယ်လိုအမှားပါခဲ့ရင်ပြောပြကြပါနော်.... သူငယ်ချင်းတို့ ကြုံဖူးကြမှာပါ… Memory Stick ထိုးလိုက်တာနဲ့ .. Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ …ဘာတို့ ညာတို့ ပေါ့…အဲဒီ virus တွေ့ ကို USB Disk Security မှာလာပြတယ်လေ.. အဲဒါတွေကို အရမ်းကောင်းတယ်ဆိုတဲ့… Kesper ကတောင်မဖျက်နိုင်ဘူး… USB Disk Security မှာ Delete လုပ်လဲတစ်ချို့ ဟာတွေကို Delete လုပ်လို့ မရဘူးလေ…. အဲဒီတော့ ဘာ Software မှာသုံးစရာမလို့ တဲ့
ကျနော်ပေးတဲ့ နည်းလေးကိုသုံးကြည့် လိုက်ပါ....ရှိသမျှ virus တွေသေသွားစေရမယ်…ကျနော်ရဲ့ virus ရှင်းတဲ့ နည်းလမ်းကတစ်ခြားထွေထွေထူးထူး ဘာမှ မဟုတ်ပါဘူး…. Bat File နဲ့  Command တွေရေးပြီးရှင်းတဲ့နည်းလေးပါ… ပထမဦးဆုံး Notepad တခုကိုဖွင့်ပါ..ပြီးရင် အောက်မှာ ကျနော်ပေးထားတဲ့  Command တွေကို Copy ကူးထည့် လိုက်ပါ…. @echo del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del: H:Autorun.inf del: E:Recycled.exe del: F:Recycled.exe del: G:Recycled.exe del: H:Recycled.exe del: E:RUNDLL32.exe del: F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exe @echo ပြီးရင်တော့..နာမည်တစ်ခုခု .bat (eg. Kill.bat) ဆိုပြီး ကိုယ့်ရဲ့  Memory Stick ထဲမှာ Save လိုက်ပါ… အဲဒီ Kill.bat ဆိုတဲ့ file လေးကိုတော့မဖျက်ပစ်လိုက်ပါနဲ့ နော်…. Stick ထိုးတိုင်း အဲဒီ file လေးကို double click လုပ်ပြီး run လိုက်ပေါ့… ဒါဆိုရင်ကိုယ့်ရဲ့  Memory Stick ထဲမှာ virus တွေအကုန်ရှင်းသွားလိမ့်မယ်…
bat
file ရေးတတ်တယ်မထင်ပါနဲ့...ကျနော် ကျနော့် ဆရာတယောက်ကို အကူအညီတောင်းပြီး
ရေးခိုင်းလိုက်တာပါ....ကျနော့် အရည်အချင်းမှန်ဆို
မရေးနိုင်ပါဘူး...ကျနော်က software တွေလျှောက်ရှာပြီး ကလိ
နေတာပဲရှိတာပါ....အဆင်ပြေသွားတဲ့ သူငယ်ချင်းတွေ comment
လေးတော့ချန်ခဲ့ပါဗျာ....
ရန်ကုန်သား......မှ
0 comments:
Post a Comment
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လိုအပ်တာများရှိပါက cbox မှာ ပြောကြားနိုင်ပါတယ်။
ကျွန်တော့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး ကူညီမျှဝေသွားပါမယ်။