ကျွန်တော်တို့မြန်မာစကားမှာ စကားကြီးဆယ်မျိုးရှိပါတယ်။ တနည်းအားဖြင့် စကားအရာ အင်္ဂါလေးတန်
စကားဆယ်မျိုးပါဝင်တဲ့ စကားတစ်ခွန်းဟာ တစ်ခွန်းဆို ဆိုသလောက်
အဓိပ္ပါယ်ပြည့်ဝ စေပါတယ်။
ကြားဖူးနားဝ ဗဟုသုတလေးရစေဖို့ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...
စကားကြီး ဆယ်မျိုးကတော့
စကားကြီး ဆယ်မျိုးကတော့
(၁)ရေကူးညာတင်
(၂)ကောက်ပင်ရိတ်လှီ
(၃)ရေစီးဖောင်ဆန်
(၄)အိုးတန်ဆန်
(၅)ဆီပွတ်ကျည်ပွေ့
(၆)ဆင်ဝှေ့ရန်ေ
(၇)တောင်သူယာခုတ်၊
(၈)ကြက်ဆု
(၉) ရေစစ်ကရား
(၁၀)ခက်တင်မောင်းနင်း
(၁)။ရေကူးညာတင်ပြောနည်း
မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည် အခါ မြစ် ညာဘက်မှစ၍ကူး
မှသာ၊လိုရာသို့ ရောက် သ လို၊စကား ပြောသည့်အခါ လည်း လိုရာရောက်အောင်
အထက်ကတင်ကူး၍ပြောနည်းကိုခေါ်
(၂)။ကောက်ပင်ရိတ်လှီးပြောနည
စပါးရိတ်သည့်အခါတစ်နိုင်ကော
တစ်ဖက်က တံဇဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသကဲ့သို့ စကားပြောရာတွင်လည်း
တစ်ဘက်လူ၏စကားကို သိမ်း ကျုံးဖမ်းဆုတ်ပြီး အခြေအမြစ်
ကိုင်၍ပြောနည်းကိုခေါ်သည်။
(၃)။ရေစီးဖောင်ဆန်ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းဖြည်းသာသာ ဆန်တက်သဖြင့်
လိုရာခရီးရောက် သ ကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့်
ဖြည်းညင်းသာယာစွာလိုရာရောက်
(၄)။အိုးတန်ဆန်ခပ်ပြောနည်း
ထ္မင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ
နူးနပ်စွာစားသုံးရသကဲ့သို့ စကားကိုမ ယုတ် မ လွန်နှင့်လို ရာရောက်အောင်
ပြောဆိုခြင်းကိုခေါ်သည်။
(၅)။ဆီပွတ်ကျည်ပွေ့ပြောနည်း
ဆီဆုံထဲတွင်နှမ်း(သို့)မြေပ
(၆)။ဆင်ဝှေ့ရန်ရှောင်ပြောနည
ဆင်ဝှေ့ရန်အလိုက်ခံရသည့် လွတ်ရာရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့
စကားအရာတွင်လည်း ဘေး အန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွဲ
ပြောဆိုခြင်းကိုခေါ်သည်။
(၇)။တောင်သူယာခုတ်ပြောနည်း
တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေ့ဦးစွာချုံနွယ်တို့ကို ရှင်းလင်းပြီးမှ
သစ်ပင်ကြီးများကိုခုတ်လဲကြ သကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို
ဦးစွားပြောပြီးမှ စကားကြီးများကို ပြော၍ အနိုင်ယူခြင်း ကိုခေါ်သည်။
(၈)။ကြက်ဆုတ်ခွပ်ပစ်ပြောနည်
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ယန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့
စကားအရာတွင်လည်း သူ့အလိုကိုဦး စွာလိုက်လျောပြီးမှ စီးသာသောအခါ စီး၍
ပြောခြင်းကိုခေါ်သည်။
(၉)။ရေစစ်ကရားပြောနည်း
ရေစစ်သောဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျင်အပေါက်ကို လက်ဖြင့်ပိတ်ယူပါ က ရေမ ထွက်နိုင် သ ကဲ့သို့ တဖက်လူ`စကားကိုပိတ်မိအောင်ေ
(၁၀)။ခက်တင်မောင်းနင်းပြောန
တစ်ဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်းမငြင်း မတင်မကျပြောသော စကားကိုခေါ် သည်။
ကျွန်တော့ရဲ့ ညီအစ်ကိုမောင်နှမများ ဗဟုသုတများကြွယ်ဝကြပါစေဗျာ....
Tuesday, September 2, 2014
စကားကြီး ဆယ်မျိုး အကြောင်း-(မြန်မာစကားပုံ)
Subscribe to:
Post Comments (Atom)
Powered by Blogger.
0 comments:
Post a Comment
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လိုအပ်တာများရှိပါက cbox မှာ ပြောကြားနိုင်ပါတယ်။
ကျွန်တော့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး ကူညီမျှဝေသွားပါမယ်။